Migoo.OS
MB08209 Tactical Sling Bag
MB08209 Tactical Sling Bag
SKU:MB08209-Black
Couldn't load pickup availability
🎨 Color - Black / Dark Blue / Grey / Military Green
🧵 Material - Oxford Cloth
✨ Lining - Polyester
ခရီးသွားတဲ့အခါပဲဖြစ်ဖြစ်၊ နေ့စဉ် အလုပ်သွား၊ ကျောင်းသွား၊ အပြင်ထွက်တဲ့အခါပဲဖြစ်ဖြစ်... ဖုန်း၊ Power Bank၊ Wallet၊ သော့၊ ရေဘူး၊ ထီးနဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေကို အိတ်တစ်လုံးထဲ ရောထည့်ထားလို့ လိုတဲ့အချိန်တိုင်း ရှာရခက်ဖူးတယ်မလား?
Tactical Sling Bag လေးကတော့ အိတ်ကပ်အများကြီး ပါဝင်တဲ့ Multi-Pocket Design ဖြစ်တာကြောင့် ပစ္စည်းတစ်ခုချင်းစီကို သီးသန့်စီစဉ်ထားနိုင်ပြီး လိုတဲ့အချိန်မှာလည်း အလွယ်တကူ ထုတ်ယူအသုံးပြုနိုင်ပါတယ်။
📱 အလယ်ဘက်အိတ်ကပ်မှာ ဖုန်း၊ Power Bank နဲ့ အသုံးများတဲ့ပစ္စည်းတွေကို ထည့်ထားနိုင်ပြီး Buckle Lock ပါဝင်လို့ လုံခြုံမှုလည်း ပိုရှိပါတယ်။
💧 ဘေးနှစ်ဖက်မှာ ရေဘူးနဲ့ ထီးအတွက် သီးသန့်အိတ်ကပ်တွေ ပါဝင်ပြီး ခိုင်ခံ့တဲ့ကြိုးနဲ့ Buckle တွေကြောင့် ပြုတ်ကျမှာကိုလည်း စိတ်ပူစရာမလိုပါဘူး။
🎒 နောက်ဘက်မှာလည်း ဇစ်အိတ်နဲ့ ဇကာအိတ်ကပ်တွေ ပါဝင်တာကြောင့် ကတ်၊ သော့၊ နားကြပ်လို ပစ္စည်းအသေးစားတွေကို သီးသန့်ထားနိုင်ပါတယ်။
💪 အရည်အသွေးမြင့် Oxford Cloth နဲ့ ပြုလုပ်ထားတာကြောင့်ရေစိုခံ အကြမ်းခံပြီး ကြာရှည်အသုံးခံနိုင်သလို ပခုံးလွယ်ကြိုးကိုလည်း မိမိလိုသလို အတိုးအလျှော့ ချိန်ညှိနိုင်ပါတယ်။
🏕️ Hiking၊ Camping၊ ခရီးသွားတာ၊ ဆိုင်ကယ်စီးတာ၊ နေ့စဉ်အပြင်ထွက်တာ စတဲ့ အခြေအနေတိုင်းမှာ အသုံးဝင်ပြီး Fashion ကျကျ လွယ်လို့ရတဲ့ Bag လေးဖြစ်ပါတယ်။
✨ ပစ္စည်းတွေကို စနစ်တကျ သိမ်းဆည်းချင်တယ်၊ သယ်ဆောင်ရတာ ပေါ့ပါးပြီး စတိုင်ကျချင်တယ်ဆိုရင် Tactical Sling Bag လေးကို အခုပဲ မှာယူလိုက်တော့နော်။
08209










