Migoo.OS
MC08199 Fluffy Eyebrow Pen
MC08199 Fluffy Eyebrow Pen
SKU:MC08199-BlackBrown
Couldn't load pickup availability
🎨 Colours - Black Brown , Camellia Brown
မျက်ခုံးမွှေးဆွဲတိုင်း သဘာဝမကျဘဲ ပြားကပ်ကပ်ကြီး ဖြစ်နေတာ ၊ ခဲတံအမာတွေနဲ့ ဆွဲရတာ နာကျင်ပြီး ခဏခဏလည်း ချွေးစိုလို့ ပျက်ကုန်တာ ဒီလို ဒုက္ခတွေ ကြုံနေရတယ်မလား ❓
🌟 ဒါဆိုရင်တော့ အလွယ်တကူနဲ့ ဆရာကျကျ ဆွဲနိုင်မယ့် SHAQINUO ရဲ့ Multi-use Fluffy Eyebrow Pen လေး ရှိနေပါပြီရှင့်။
🖊️ သာမန်မျက်ခုံးခဲတံတွေနဲ့ လုံးဝမတူဘဲ ထူးခြားဆန်းသစ်တဲ့ ဘရပ်ရှ်ခေါင်း ပါဝင်လို့ တစ်ချက်ဆွဲလိုက်ရုံနဲ့ အမျှင်လေးတွေ သဘာဝအတိုင်း 3D ပုံစံ ကြွထွက်လာမှာပါ။
🎀 ဘရပ်ရှ်အမွှေးလေးတွေက ပျော့အိမနေဘဲ ခိုင်ခံ့မှုရှိတဲ့အတွက် မျက်ခုံးအစကနေ အဆုံးအထိ ကိုယ့်ရဲ့ မျက်ခုံးမွှေး ပေါက်ရာ ဦးတည်ချက်အတိုင်း စမတ်ကျကျ ပုံဖော်လို့ အရမ်းကောင်းပါတယ်။
💕 အဝေးကကြည့်ရင် သဘာဝအတိုင်း မှုန်မှုန်လေးနဲ့ လှနေစေမှာဖြစ်ပြီး အနီးကပ်ကြည့်ရင်လည်း တစ်မျှင်ချင်းစီ သေသပ်လှပနေတာကို တွေ့ရမှာပါရှင့်။
💦 Waterproof & Sweatproof အာနိသင် အပြည့်ပါလို့ ရေစို၊ ချွေးစိုလည်း လုံးဝမပျက်ဘဲ တစ်နေကုန် တည်မြဲနေမှာ ဖြစ်ပါတယ်။
👉 မျက်ခုံးတင်ဆွဲလို့ရတာမဟုတ်ဘဲ ဆံပင်ပါးတဲ့ ပျိုမေတို့အတွက် နဖူးဘေးက ဆံစပ် (Hairline) လေးတွေကိုပါ သဘာဝကျကျ ဖြည့်စွက်ဆွဲနိုင်လို့ တကယ့်ကို ဘက်စုံသုံးလို့ ရပါတယ်။
✨ မျက်ခုံးမွှေး လှလှလေးနဲ့ နေ့ရက်တိုင်းမှာ ဆွဲဆောင်မှုရှိရှိ ယုံကြည်မှုအပြည့် ပိုင်ဆိုင်နိုင်ဖို့... အခုပဲ ဒီ Fluffy Eyebrow Pen လေးကို လာမှာယူလိုက်တော့နော်! 📲💄
08199








