Migoo.OS
MC08369 Portable Hanging Mirror
MC08369 Portable Hanging Mirror
SKU:MC08369-Brown
Couldn't load pickup availability
🎨 Color - Brown / Pink / Black / White
🧱 Material - Premium Soft Felt Fabric & Real Mirror Panels
👗 အပြင်သွားခါနီး ဝတ်စားဆင်ယင်တာ ပြည့်စုံမှုရှိမရှိ ကြည့်ဖို့အတွက် ကိုယ်လုံးပေါ်မှန်ကြီးကြီးမားမားတစ်ခု အိမ်မှာ လိုချင်နေပါသလား?
ဒါပေမယ့် သာမန်ကိုယ်လုံးပေါ်မှန်တွေက နေရာအများကြီးယူပြီး၊ ခရီးသွားရင် သယ်သွားဖို့လည်း မဖြစ်နိုင်သလို ကွဲမှာကိုလည်း စိုးရိမ်နေရပါသလား?
ဒါဆိုရင်...
✨ ဒီ Foldable Hanging Full-Length Mirror လေးက သင်ရှာနေတဲ့ ပြဿနာအားလုံးကို ဖြေရှင်းပေးမယ့် ဆန်းသစ်တဲ့ ပစ္စည်းလေးပါ။
✌ မှန်ချပ် (၃) ချပ်ကို Felt အသားနဲ့ စနစ်တကျ ပေါင်းစပ်ထားလို့ ဝတ်ဆင်ထားတဲ့အဝတ်အစားတွေကို ကိုယ်လုံးပေါ်တစ်ခါတည်း ကြည့်ရှုနိုင်ပါတယ်။
✔ အိမ်မှာဆိုရင် ဗီရိုတံခါး၊ ရေချိုးခန်းတံခါး ဒါမှမဟုတ် နံရံမှာ ပါဝင်တဲ့ ချိတ်နဲ့ အလွယ်တကူ ဆွဲချိတ်ထားရုံနဲ့ နေရာမယူဘဲ သုံးနိုင်ပါတယ်။
✔ မကြည့်တော့တဲ့အခါ (သို့မဟုတ်) ခရီးသွားတဲ့အခါမှာတော့ ဒီမှန်ကြီးကို လက်ကိုင်အိတ် (Tote Bag) ပုံစံလေးဖြစ်အောင် မိနစ်ပိုင်းအတွင်း အလွယ်တကူ ခေါက်သိမ်းလိုက်လို့ ရပါတယ်။
✨ အပြင်ဘက်က နူးညံ့ခိုင်ခံ့တဲ့ Felt အသားနဲ့ ဖုံးအုပ်ပေးထားလို့ ခရီးသွားတဲ့အခါမှာလည်း မှန်ကွဲမှာကို စိုးရိမ်စရာမလိုဘဲ ကားနောက်ခန်း၊ ခရီးဆောင်အိတ်ထဲမှာ အလွယ်တကူ သယ်ဆောင်သွားနိုင်ပါတယ်။
👜 အိတ်ပုံစံ ခေါက်သိမ်းလိုက်တဲ့အခါမှာ အပြင်ဘက်မှာ အပိုအိတ် လေးပါဝင်လို့ ခရီးသွားရင် လိုအပ်တဲ့ အလှကုန်၊ ဘီး သို့မဟုတ် Accessories လေးတွေကိုပါ ထည့်သွင်းသယ်ဆောင်နိုင်ပါတယ်။
✨ အိမ်မှာလည်း အလှသုံး၊ ခရီးသွားရင်လည်း စိတ်ချလက်ချ သယ်သွားနိုင်မယ့် ဒီ 2-in-1 Foldable Hanging Mirror လေးကို အခုပဲ အမြန်ဆုံး မှာယူလိုက်တော့နော်။
08369










