Skip to product information
1 of 1

Migoo.OS

MC08786 LuxeLift Press-Up Makeup Brush Organizer

MC08786 LuxeLift Press-Up Makeup Brush Organizer

Regular price K119,800.00
Regular price Sale price K119,800.00
Sale Sold out
Shipping calculated at checkout.
Color

SKU:MC08786-Beige

Quantity

🎨 Color - Beige, Black

🧱 Material - ABS

📏 Size - 12 × 11 × 22 cm

မိတ်ကပ်ဘရပ်ရှ်လေးတွေကို ဖုန်မှုန့်မတက်အောင် သန့်သန့်ရှင်းရှင်းနဲ့ စနစ်တကျ သိမ်းဆည်းနိုင်ဖို့အပြင် အသုံးပြုချင်တဲ့အချိန်မှာလည်း အလွယ်တကူ ထုတ်ယူနိုင်မယ့် Press-Up Design လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

✨ အမြင့်ဒီဇိုင်း လေးဖြစ်တာကြောင့် လက်ကိုင်ရှည်တဲ့ Makeup Brush တွေ၊ Powder Brush အကြီးစားတွေကိုပါ အဆင်ပြေပြေ ထည့်သွင်းသိမ်းဆည်းနိုင်ပါတယ်။ ဘရပ်ရှ်အမွှေးလေးတွေကို အပြင်မှာ ထားစရာမလိုဘဲ အဖုံးပိတ်ပြီး သပ်သပ်ရပ်ရပ် သိမ်းထားနိုင်တာပေါ့။

💗 Press-Up Function လေးကတော့ ဒီပစ္စည်းရဲ့ အထူးခြားဆုံးအချက်ပါ။ အပေါ်က ခလုတ်လေးကို ဖိလိုက်ရုံနဲ့ အတွင်းက ဘရပ်ရှ်တွေ အပေါ်ကို မြင့်တက်လာတာကြောင့် လိုချင်တဲ့ ဘရပ်ရှ်လေးကို အလွယ်တကူ ရွေးချယ်ထုတ်ယူနိုင်ပါတယ်။ အသုံးပြုပြီးတဲ့အခါလည်း ပြန်ဖိပြီး အဖုံးပိတ်သိမ်းထားနိုင်ပါတယ်။

🛡️ Dustproof & Moisture-Resistant Design ပါဝင်တာကြောင့် မိတ်ကပ်ဘရပ်ရှ်လေးတွေကို ဖုန်မှုန့်နဲ့ အစိုဓာတ်တို့မှ ကာကွယ်ပြီး အဖုံးပိတ်သိမ်းထားနိုင်ပါတယ်။ မှန်တင်ခုံပေါ်မှာ အလှကုန်ပစ္စည်းတွေ ပြန့်ကျဲမနေတော့ဘဲ သပ်သပ်ရပ်ရပ်လေး ဖြစ်နေစေမှာပါ။

🏡 အရွယ်အစားကျစ်ကျစ်လေးနဲ့ ဒီဇိုင်းလှပတာကြောင့် မှန်တင်ခုံပေါ်မှာ တင်ထားရင်လည်း နေရာအများကြီးမယူဘဲ အလှဆင်ပစ္စည်းတစ်ခုလိုပါ လှပနေစေပါတယ်။

မိတ်ကပ်ဘရပ်ရှ်တွေကို စနစ်တကျ သိမ်းဆည်းချင်သူတွေ၊ မှန်တင်ခုံလေးကို သန့်ရှင်းသပ်ရပ်ပြီး Luxury ဆန်ဆန်လေး ဖြစ်နေစေချင်တဲ့ မိန်းကလေးတွေအတွက် အသုံးဝင်တဲ့ Makeup Organizer လေးတစ်ခုပါ။ 🥰

ကိုယ့်ရဲ့ မိတ်ကပ်ပစ္စည်းလေးတွေကို သပ်သပ်ရပ်ရပ်နဲ့ အလွယ်တကူ အသုံးပြုနိုင်ဖို့ LuxeLift Press-Up Makeup Brush Organizer လေးကို အခုပဲ မှာယူလိုက်တော့နော်။ 💗

08786

View full details