Migoo.OS
MG07681 Drill Bit Sharpener
MG07681 Drill Bit Sharpener
SKU:MG07681-Black
Couldn't load pickup availability
Body Material: High-Density Polypropylene
ရရှိနိုင်သောအရောင်: လိမ္မော်ရောင်၊ အစိမ်းရောင်၊ အနက်ရောင် 🟠🟢⚫
Drill Bit တွေကို သွေးတဲ့အခါ ဘက်မညီတာက ဖောက်ထွင်းဝင်နိုင်စွမ်းကို အားနည်းစေပြီး စက်ကို ပိုမိုအလုပ်လုပ်ရစေပါတယ်။ ပုံမှန် ၁ နာရီစာအလုပ်ကို အချိန် ၃ နာရီလောက် ပေးပြီး လုပ်ဆောင်ရတတ်ပါတယ်။ ⏳ ဒါ့အပြင် သွေးနေစဉ်မှာလဲ ဖိအားနည်းလွန်းရင် အချိန်ကြာတတ်ပြီး ဖိအားများလွန်သွားပါက ကျောက်ပြားကို ကွဲထွက်စေတတ်ကာ ကိုယ့်ကိုယ်ကို ထိခိုက်မိစေတတ်ပါသေးတယ်။ 😱
ဒါ့အပြင် စက်ရဲ့တုန်ခါမှုနဲ့ အပူချိန်ကြောင့် ဖိအားကို ငြိမ်နေအောင် ထိန်းထားဖို့ဆိုတာလဲ လွယ်ကူတဲ့ကိစ္စတစ်ရပ်မဟုတ်ပါဘူး။ ဒီလိုပြဿနာတွေ မဖြစ်စေဘဲ Drill Bit တွေကို သွေးဖို့ဆိုရင် ဘက်ညီအောင် သွေးရမယ့်အပြင် ဖိအားမနည်းအောင်၊ မများအောင်ပါ ထိန်းချုပ်ပြီး သွေးရမှာဖြစ်လို့ လွယ်ကူတဲ့ကိစ္စ မဟုတ်ပေမယ့် Drill Bit Sharpener ဆိုရင် အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။ ✨
Drill Bit ကို ဘက်ညီအောင် သွေးဖို့ လုပ်ဆောင်ပေးနိုင်တဲ့အပြင်ကိုမှ သွေးနေစဉ်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ အပူဒဏ်ကိုလဲ ခံနိုင်ရည်စွမ်းရှိပါတယ်။ 🔥 Drill bit အမျိုးမျိုးအတွက် အပေါက်ဆိုဒ် အစုံပါဝင်ပါတယ်။ Drill Bit ကို သင့်တော်တဲ့အပေါက်ထဲကို ထည့်ပြီး ကိုင်ထားပေးရုံနဲ့ Drill Bit ကို ဘက်ညီအောင် သွေးပေးနိုင်ပါပြီ။
ဘက်ညီပြီး ချွန်ထက်နေတဲ့ Drill Bit က အသစ်တစ်ခုလို အလုပ်ကို လျင်မြန်စွာ လုပ်ဆောင်ပေးနိုင်ပြီး စက်ရဲ့သက်တမ်းကိုလဲ ပိုမိုရှည်ကြာစေနိုင်ပါတယ်။ ဒါကြောင့် အလုပ်တွေကို မြန်မြန်အပြီးသတ်ပြီး ငွေကိုရှာနိုင်ဖို့၊ 💸 စက်ရဲ့သက်တမ်းကို ပိုမိုရှည်ကြာစေပြီး ရေရှည်အသုံးပြုနိုင်ဖို့ Drill Bit Sharpener ကို အခုပဲ ဝယ်ယူလိုက်တော့နော်! 🚀
07681


