Skip to product information
1 of 1

Migoo.OS

MH07250 Vegetable Fresh-Keeping Box

MH07250 Vegetable Fresh-Keeping Box

Regular price K29,800.00
Regular price K44,700.00 Sale price K29,800.00
Sale Sold out
Shipping calculated at checkout.
Color

SKU:MH07250-White

Colour -   White /  Green


🥦နေ့စဉ်နဲ့အမျှ ကျွန်မတို့စားသုံးနေတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ လတ်ဆတ်မှုမရှိတော့ရင် စားချင်စိတ်လည်း မရှိတော့သလို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး......

🍎ဈေးကနေ လတ်လတ်ဆတ်ဆတ် ဝယ်လာတဲ့ အသီးအနှံတွေ ရက်နည်းနည်းကြာတာနဲ့ ညှိုးခြောက်ပြီး ပုပ်သွားတာမျိုးက အိမ်ရှင်မတိုင်းကြုံရတဲ့ ပြဿနာတစ်ခုပါ.....

🥭ဒါ့အပြင် ရေခဲသေတ္တာထဲမှာလည်း ပလတ်စတစ်အိတ်တွေနဲ့ သိမ်းဆည်းတာက နေရာပိုယူပြီး သန့်ရှင်းသပ်ရပ်မှုလည်း မရှိပါဘူး.....

💡 ဒီပြဿနာတွေအားလုံးကို ကျွန်မတို့ရဲ့ Vegetable Fresh-Keeping Box လေးက ဘယ်လိုဖြေရှင်းပေးမလဲဆိုတော့...

🌶ဟင်းသီးဟင်းရွက်တွေရဲ့ ရေဓာတ်ကို ထိန်းသိမ်းပေးပြီး လေဝင်လေထွက်စနစ်ကောင်းမွန်တာကြောင့် အပုပ်အနာဖြစ်ခြင်းကို တားဆီးပေးတဲ့အပြင် အစားအသောက်တွေဟာ စပြီးဝယ်လာတဲ့အတိုင်း လတ်ဆတ်နေပါလိမ့်မယ်နော်....

💧 ဟင်းသီးဟင်းရွက် ဒါမှမဟုတ် သစ်သီးတွေကို ဆေးကြောပြီးတာနဲ့ Box ထဲက ရေစစ်ဇကာထဲ တန်းထည့်သိမ်းလို့ရတဲအပြင် ပိုလျှံတဲ့ရေတွေက အောက်ခြေကနေ စီးကျသွားမှာဖြစ်လို့ အစားအသောက်တွေ ရေစိုပြီး ပုပ်တာမျိုး၊ ပျက်စီးတာမျိုး မဖြစ်တော့တာမိုလို့ သီးသန့်ရေစစ်နေစရာလည်းမလိုတော့ ပါဘူးရှင့်.....

📏 ဒီ Box တွေကို တစ်ခုပေါ်တစ်ခု လုံခြုံစွာ ထပ်ပြီး Stack လုပ်လို့ရတာကြောင့် သင့်ရဲ့ ရေခဲသေတ္တာ ဒါမှမဟုတ် မီးဖိုချောင်ထဲမှာ နေရာကျယ်ကျယ်ဝန်းဝန်းရှိစေမယ့်အပြင် ပုံမှန် ပလတ်စတစ်အိတ်တွေနဲ့ သိမ်းဆည်းထားတာထက် ပိုမိုသန့်ရှင်းသပ်ရပ်ပြီး စနစ်တကျရှိစေမှာပါနော်

🤝 Box တစ်ခုစီမှာ ကိုင်ရလွယ်ကူတဲ့ လက်ကိုင်လေးတွေပါဝင်တာကြောင့် တစ်ခုနဲ့တစ်ခုထပ်ထားလည်း ရေခဲသေတ္တာထဲက ထုတ်ရ၊ ပြန်ထည့်ရတာအရမ်းလွယ်ကူပါတယ်....

💦Box ရဲ့ အပေါ်အဖုံးမှာ လေဝင်လေထွက်ထိန်းချုပ်နိုင်တဲ့ slider လေးပါတာကြောင့် အတွင်းထဲက လေစီးဆင်းမှုကို လိုအပ်သလို ချိန်ညှိနိုင်ပြီး အတွင်းထဲမှာဘာထည့်ထားလည်း မြင်နိုင်တာကြောင့် တစ်ခုချင်းစီရှာနေစရာမလိုတော့ဘဲ လိုအပ်တာကိုတစ်ခါထဲတန်းထုတ်လို့ရပါတယ်ရှင့်.....

🏆 Food-grade ဖြစ်တဲ့ ပလပ်စတစ်အကောင်းစားနဲ့ ထုတ်လုပ်ထားတာကြောင့် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းပြီး ကြာရှည်ခံတဲံအပြင် ညစ်ပတ်သွားရင်လည်း အလွယ်တကူ ဆေးကြောသန့်ရှင်းနိုင်ပါတယ်

🎁ကျန်းမာရေးအတွက် လတ်ဆတ်တာတွေကိုပဲ ရွေးချယ်စားသုံးချင်သူတွေ၊ အချိန်ကုန်သက်သာပြီး စနစ်တကျနေထိုင်ချင်သူတွေ၊ အိမ်ရှင်မတွေအတွက် အရမ်းအသုံးဝင်ပြီး တန်ဖိုးရှိတဲ့ မရှိမဖြစ်ပစ္စည်းလေးမို့အခုဘဲမှာယူလိုက်ပါ......

07250

View full details