Migoo.OS
MH08590 Urban Sport Bottle
MH08590 Urban Sport Bottle
SKU:MH08590-White
Couldn't load pickup availability
🎨 Color - White / Black / Brown / Blue
🧴 Material - PC
💧 Capacity - 400ml
Modern Design နဲ့ Sporty Look လေးကို ပေါင်းစပ်ထားတဲ့ Urban Sport Bottle လေး ရောက်ရှိလို့လာပါပြီ။ ကိုင်ထားရုံနဲ့ စတိုင်လ်ကျစေတဲ့အပြင် ရုံးသွား၊ ကျောင်းသွားနဲ့ အပြင်ထွက်တဲ့အခါတွေမှာလည်း အလွယ်တကူ သယ်ဆောင်သွားနိုင်ပါတယ်။ 💖
🍋 Detox Water ကြိုက်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ဘူးဝကျယ်တဲ့ ဒီဇိုင်းလေးကြောင့် သံပုရာသီးစိတ်၊ လိမ္မော်သီးစိတ်၊ အသီးခြောက်နဲ့ ရေခဲတုံးလေးတွေ ထည့်ပြီး ကိုယ်ကြိုက်တဲ့ Fruit-Infused Water ကို ဖန်တီးသောက်သုံးနိုင်ပါတယ်။ ရိုးရိုးရေသောက်ရတာ ပျင်းနေသူတွေအတွက်လည်း အရသာလေးပြောင်းပြီး ရေသောက်ဖို့ ပိုစိတ်ဝင်စားလာစေမှာပါ။ 🧊🍊
✨ Transparent Design လေးကြောင့် ဘူးထဲမှာ ရေဘယ်လောက်ကျန်သေးလဲဆိုတာ အလွယ်တကူ မြင်နိုင်ပြီး ကိုယ့်ရဲ့ နေ့စဉ်ရေသောက်မှုကိုလည်း သတိထားနိုင်ပါတယ်။
🎒 လက်ကိုင်ပါဝင်တဲ့ အဖုံးဒီဇိုင်း ကြောင့် ရုံးသွား၊ ကျောင်းသွား၊ Gym သွားတဲ့အခါနဲ့ ခရီးတိုထွက်တဲ့အခါတွေမှာပါ သယ်ဆောင်သွားရတာ အဆင်ပြေပါတယ်။
💧 400ml Capacity ဖြစ်လို့ နေ့စဉ်ရေသောက်ဖို့ သင့်တော်တဲ့အပြင် ရုံးစားပွဲပေါ်၊ စာသင်ခန်းနဲ့ Gym မှာလည်း အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
🎨 White / Black / Coffee Brown / Blue ဆိုပြီး အရောင် ၄ မျိုး ရွေးချယ်နိုင်တာကြောင့် ကိုယ့်စတိုင်နဲ့ လိုက်ဖက်မယ့်အရောင်လေးကို ရွေးချယ်လိုက်ရုံပါပဲ။
စတိုင်လ်ကျတဲ့ ရေဘူးလေးလည်း လိုချင်တယ်၊ Detox Water လေးတွေလည်း ကိုယ်တိုင်ဖျော်သောက်ချင်တယ်ဆိုရင် MH08590 - Urban Sport Bottle လေးက နေ့စဉ်သုံးဖို့ အသုံးဝင်တဲ့ ရွေးချယ်မှုလေးပါ။ 🛒✨
08590










