Migoo.OS
MH08778 FlexiHold Suction-Cup Telescopic Towel Rack
MH08778 FlexiHold Suction-Cup Telescopic Towel Rack
SKU:MH08778-Gray
Couldn't load pickup availability
🎨 Color - Gray, White
🧱 Material - Space Aluminum + PP + Nylon Mesh
📏 Size - 60 × 38.5 cm
ရေချိုးခန်းထဲမှာ ရေချိုးဖို့ယူလာတဲ့ အဝတ်အစားတွေ၊ မျက်နှာသုတ်ပဝါတွေကို ဘေစင်ပေါ် ဒါမှမဟုတ် အိမ်သာခွက်ပေါ်မှာ တင်ထားရတာမျိုး မဖြစ်စေဖို့ ဒီ FlexiHold Wall Rack လေးကို အသုံးပြုကြည့်ပါနော်။ နံရံကို အပေါက်ဖောက်စရာမလိုဘဲ Suction Cup နဲ့ ကပ်တပ်ဆင်နိုင်ပြီး လိုအပ်တဲ့အချိန်မှာ ဆွဲဖွင့်အသုံးပြုနိုင်တဲ့ ဒီဇိုင်းလေးပါ။ ✨
ဆွဲဖွင့်လိုက်တဲ့အခါ ရေချိုးချိန် လဲလှယ်ဝတ်ဆင်မယ့် အဝတ်အစားတွေနဲ့ မျက်နှာသုတ်ပဝါတွေကို သပ်သပ်ရပ်ရပ် တင်ထားနိုင်တဲ့ စင်ပြားတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။ အသုံးပြုပြီး ပြန်ခေါက်သိမ်းထားလိုက်ရင် အောက်ဘက်မှာ ချိတ်တန်းတစ်ခုအဖြစ် အသုံးပြုနိုင်တာကြောင့် မျက်နှာသုတ်ပဝါငယ်တွေ၊ ရေချိုးဘောလုံးတွေနဲ့ ရေချိုးခန်းသုံးပစ္စည်းလေးတွေကိုလည်း ချိတ်ဆွဲထားနိုင်ပါတယ်။
စုပ်ခွက်နှစ်ခုပါဝင်တဲ့ Double Suction Design ကြောင့် နံရံမှာ ကပ်တပ်ဆင်အသုံးပြုနိုင်ပြီး အပေါက်ဖောက်စရာမလိုတာကြောင့် နံရံကို မဖောက်ချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။
ရေချိုးခန်းတစ်ခုတည်းမှာသာမက ဝရန်တာမှာလည်း တပ်ဆင်အသုံးပြုနိုင်တာကြောင့် ဖိနပ်၊ ခြေအိတ်နဲ့ အဝတ်အစားလေးတွေကို လေသလပ်စေဖို့ အသုံးဝင်ပါတယ်။ အသုံးမပြုချိန်မှာ ပြန်ခေါက်ထားနိုင်တာကြောင့် နေရာလည်း သက်သာစေပါတယ်။
ရေချိုးခန်းနဲ့ ဝရန်တာမှာ ပစ္စည်းတွေ ရှုပ်ပွမနေစေချင်သူတွေ၊ နေရာကျဉ်းကျဉ်းလေးကို အကျိုးရှိရှိ အသုံးချချင်သူတွေအတွက် နေ့စဉ်အသုံးဝင်မယ့် အိမ်သုံးပစ္စည်းလေးတစ်ခုပါ။ 🥰
အိမ်တွင်းနေရာလေးတွေကို ပိုမိုသပ်ရပ်ပြီး အသုံးဝင်အောင် ပြင်ဆင်ချင်တယ်ဆိုရင် FlexiHold Rack လေးကို အခုပဲ မှာယူလိုက်တော့နော်။ 🛍️
08778






