Migoo.OS
MH08796 EasySprinkle Press-Top Seasoning Dispenser
MH08796 EasySprinkle Press-Top Seasoning Dispenser
SKU:MH08796
Couldn't load pickup availability
🏷️ Brand - FaSoLa
🧱 Material - Ceramics
ဟင်းခတ်မှုန့်တွေကို လိုသလောက်ပဲ ထည့်သုံးနိုင်ပြီး ဟင်းချက်တိုင်း အရသာအချိုးအစားကို ပိုမိုထိန်းညှိနိုင်မယ့် Press-Top Design လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
✨ ဘေးက ခလုတ်လေးကို တစ်ချက်နှိပ်လိုက်ရုံနဲ့ ဟင်းခတ်မှုန့် 0.5g ထွက်ရှိပေးတာကြောင့် လက်နဲ့ ခန့်မှန်းပြီး ထည့်စရာမလိုတော့ဘဲ ဟင်းချက်တဲ့အခါ အချိုးအစားကို ပိုမိုတိကျစွာ ထိန်းညှိနိုင်ပါတယ်။
🧂 အဝိုင်းပုံစံ ဖြူးထွက်ပေါက်လေးကြောင့် ဟင်းပွဲပေါ်ကို ဟင်းခတ်မှုန့်တွေ တစ်နေရာတည်း ပုံကျမနေဘဲ ညီညီညာညာ ဖြူးထည့်နိုင်ပါတယ်။
🤍 ဖောက်မြင်ရတဲ့ ကိုယ်ထည်ဒီဇိုင်းလေးကြောင့် အတွင်းမှာ ဟင်းခတ်မှုန့် ဘယ်လောက်ကျန်သေးလဲဆိုတာ အလွယ်တကူ ကြည့်နိုင်သလို ပုလင်းဝကျယ်တဲ့အတွက် ဟင်းခတ်မှုန့် ပြန်ဖြည့်ရတာလည်း အဆင်ပြေပါတယ်။
🏡 အဖုံးနဲ့ ကိုယ်ထည်ကို ဖြုတ်တပ်နိုင်တာကြောင့် ဆေးကြောသန့်ရှင်းရလွယ်ကူပြီး မီးဖိုချောင်မှာလည်း သပ်သပ်ရပ်ရပ်နဲ့ လှလှပပလေး ထားရှိနိုင်ပါတယ်။
ဟင်းချက်တဲ့အခါ ဆားနဲ့ ဟင်းခတ်မှုန့်တွေကို လိုသလောက်ပဲ ထည့်သုံးချင်သူတွေ၊ အငန်လျှော့စားဖို့ ဂရုစိုက်နေသူတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းလေးတွေကို အသုံးဝင်ပြီး လှလှပပလေး ထားချင်သူတွေအတွက် သဘောကျစရာ Seasoning Dispenser လေးပါ။ 🥰
ဟင်းချက်တိုင်း ဟင်းခတ်မှုန့်ထည့်ရတာ ပိုအဆင်ပြေပြီး မီးဖိုချောင်လေးကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်စေဖို့ EasySprinkle Press-Top Seasoning Dispenser လေးကို အခုပဲ မှာယူလိုက်တော့နော်။ 💗
08796




