Migoo.OS
MH50906 Wall-mounted Kitchen Trash Can Storage Bin
MH50906 Wall-mounted Kitchen Trash Can Storage Bin
SKU:MH50906-Green
Couldn't load pickup availability
 Available Colors - Green, Gray (အိမ်မီးဖိုချောင်နဲ့ လိုက်ဖက်မယ့် အရောင်ဆန်းလေးတွေပါ)
 ပစ္စည်းတစ်ခု ဝယ်ရင် စျေးနှုန်းထက် အရည်အသွေးကို ပထမဦးစားပေး ရွေးချယ်တတ်တဲ့ အိမ်ရှင်မတို့အတွက် အထူးထုတ်လုပ်ထားတဲ့ ပရီမီယံ အမှိုက်ပုံးဆန်းလေး ရောက်ရှိလို့လာပါပြီ။
 စျေးကွက်ထဲက သာမန် ပလတ်စတစ် အမှိုက်ပုံးတွေလို မဟုတ်ဘဲ ခိုင်ခံ့ထူထဲပြီး တာရှည်ခံတဲ့ အရည်အသွေးမြင့် Premium Grade PP ပလတ်စတစ်ကိုသာ အသုံးပြုထားလို့ ရေရှည်အသုံးခံမှာကို ရာနှုန်းပြည့် အာမခံပါတယ်။
 ပစ္စည်းကို ဖြန့်လိုက်၊ ခေါက်လိုက် အကြိမ်ကြိမ် လုပ်နိုင်ဖို့အတွက် ဆွဲဆန့်ရတဲ့ နေရာကို Elastic Rubber အထူစားနဲ့ သေသေချာချာ အကြောထည့် ချုပ်လုပ်ထားလို့ စုတ်ပြဲသွားမှာ၊ ကွဲအက်သွားမှာကို လုံးဝ (လုံးဝ) ပူစရာမလိုပါဘူး။
 ကောင်တာတံခါးတွေ၊ အံဆွဲတွေမှာ ချိတ်ဆွဲထားတဲ့အခါ ပြုတ်ကျမသွားအောင် ဂျိတ်နေရာကိုလည်း Weight-Bearing (အလေးချိန်ခံနိုင်ရည်) အမြင့်ဆုံးဖြစ်အောင် စနစ်တကျ ဒီဇိုင်းထုတ်ထားပါတယ်။
 ဟင်းချက်တဲ့အခါ ခါးကုန်းစရာမလိုဘဲ အမှိုက်တွေကို တန်းခြစ်ချရုံပဲမို့ အလုပ်လည်းရှုပ်သက်သာသလို ကြမ်းပြင်ပေါ် ဖိတ်ကျပြီး ညစ်ပတ်တဲ့ ဒုက္ခကနေလည်း ကင်းဝေးသွားမှာပါ။
 အနံ့အသက်ဆိုးတွေ အပြင်ကို လွင့်မထွက်အောင် ဖန်တီးထားတဲ့ လေလုံ သံလိုက်အဖုံးစနစ် ပါဝင်လို့ မီးဖိုချောင်တစ်ခုလုံး အမြဲ သန့်ရှင်းလတ်ဆတ်နေမှာ ဖြစ်ပါတယ်။
 အမှိုက်အိတ် လဲရတာလည်း အရမ်းလွယ်ကူပြီး အိတ်ကို မြဲမြဲမြံမြံ ညှပ်ထားပေးမယ့် အိတ်ညှပ်ကလစ် စနစ်ပါဝင်လို့ အိတ်အောက်ပြုတ်ကျသွားတဲ့ စိတ်ညစ်စရာတွေ မရှိတော့ပါဘူး။
 ရေဆေးရတာလည်း လွယ်ကူပြီး မသုံးတဲ့အခါ ကပ်ပြီး ခေါက်သိမ်းထားလိုက်ရုံပဲမို့ မီးဖိုချောင်ကျဉ်းတဲ့ အိမ်တွေအတွက် နေရာလွတ်လည်းရ၊ အမြင်လည်း အရမ်းသပ်ရပ်လှပသွားစေမှာပါ။
 လူကြီးမင်းတို့ရဲ့ အိမ်ထောင်မှုကိစ္စတွေကို ပေါ့ပါးသွားစေဖို့ အခုပဲ Page Chat Box ကနေ ဆက်သွယ်မှာယူနိုင်ပါပြီရှင်။
50906






