Migoo.OS
MH50929 2025 New Oil Press Machine
MH50929 2025 New Oil Press Machine
SKU:MH50929
Couldn't load pickup availability
Product Information
မော်တာစွမ်းအား -820W High Power
ကုန်ကြမ်းပစ္စည်း - Food Grade Materials
ကုန်ထုတ်လုပ်မှုစွမ်းအား - တစ်နာရီလျှင် ၄ မှ ၆ ကီလိုဂရမ်အထိ (4-6 kg/h) လျင်မြန်စွာ ညှစ်ထုတ်ပေးနိုင်ပါသည်။
ဆီညှစ်စနစ် စနစ် ၂ မျိုးစလုံး သုံးနိုင်သည် -
Cold Press (အအေးညှစ်စနစ်)
Hot Press (အပူပေးညှစ်စနစ်)
ဂီယာစနစ် 4-Stage All-Steel Gear
အသုံးပြုနိုင်သော ကုန်ကြမ်းများ မြေပဲ၊ နှမ်း၊ နေကြာစေ့ အပါအဝင် ကုန်ကြမ်းအမျိုးအစားပေါင်း (၃၀) ကျော်ကို ဆီညှစ်နိုင်ပါသည်။
⚙ အသုံးပြုပုံ အဆင့်ဆင့်
အဆင့် (၁) ပြင်ဆင်ခြင်း
စက်ကို ညီညာတဲ့ မျက်နှာပြင်ပေါ်မှာ ထားပါ။
ကြိတ်မယ့် အစေ့အဆန်တွေ (ဥပမာ - မြေပဲ၊ နှမ်း) ကို ဖုန်၊ သဲ၊ ခဲတွေ စင်ကြယ်အောင် အရင်ရွေးချယ် သန့်စင်ထားပါ။ အစေ့တွေက စိုမနေဘဲ သေချာခြောက်သွေ့နေဖို့ လိုပါတယ်။
အဆင့် (၂) စက်ကို အပူပေးခြင်း
စက်ခလုတ်ကို ဖွင့်ပြီး Heating (အပူပေး) ခလုတ်ကို အရင်နှိပ်ပါ။ စက်ထဲက ကြိတ်မယ့်ဝင်ရိုး ပူလာအောင် (၅) မိနစ်ကနေ (၁၀) မိနစ်ခန့်အထိ စောင့်ပေးရပါမယ်။ (ဒါမှ ဆီထွက်နှုန်း ပိုကောင်းပြီး အကြွင်းအကျန်ဖတ်တွေ ပိတ်မနေမှာ ဖြစ်ပါတယ်)။
အဆင့် (၃) အစေ့အဆန်များ ထည့်ခြင်း
စက်အပေါ်က ကန်တော့ကန် (Hopper) ထဲကို ပြင်ဆင်ထားတဲ့ မြေပဲ ဒါမှမဟုတ် နှမ်းတွေကို လောင်းထည့်ပါ။
အဆင့် (၄) ကြိတ်ခွဲခြင်း
Start/Press (စတင်ကြိတ်ခွဲခြင်း) ခလုတ်ကို နှိပ်ပါ။ စက်က အစေ့တွေကို အလိုအလျောက် ဆွဲယူပြီး အတွင်းက Screw ဝင်ရိုးနဲ့ ဖိကြိတ်ပါလိမ့်မယ်။
ထိုအခါ စက်ရဲ့ ရှေ့ဘက်အောက်ခြေကနေ ဆီစစ်စစ်တွေ ကျလာမှာဖြစ်ပြီး၊ စက်ရဲ့ ထိပ်ဘက် အပေါက်ကနေတော့ ဆီညှစ်ပြီးသား အဖတ် (Oil Cake) တွေ လိပ်ပြီး ထွက်လာပါလိမ့်မယ်။
အဆင့် (၅) ဆီကို အနယ်ထိုင်စေခြင်း
ထွက်လာတဲ့ ဆီပူပူကို ပုံး (သို့) ခွက်တစ်ခုထဲ ခံယူပြီးနောက် ဇကာနဲ့ တစ်ဆင့်စစ်ပါ။ ပြီးရင် (၁) ရက် သို့မဟုတ် (၂) ရက်ခန့် ငြိမ်ငြိမ်ထားပြီး အနယ်ထိုင်ခိုင်းလိုက်ရင် အိမ်သုံးဖို့ အဝါရောင်ဝင်းပပြီး အနံ့မွှေးတဲ့ သဘာဝဆီစစ်စစ်ကို ရရှိပါပြီ။
💡 သတိပြုရန်နှင့် ထိန်းသိမ်းနည်း
သန့်ရှင်းရေး: ကြိတ်လို့ ပြီးသွားတဲ့အခါ စက်ပိတ်၊ ပလတ်ပေါက်ဖြုတ်ပြီး စက်အေးသွားအောင် ခဏစောင့်ပါ။ ပြီးရင် အတွင်းက ကြိတ်တဲ့ Screw ဝင်ရိုးတံကို ဖြုတ်ပြီး ဆီဖတ်တွေ ပြောင်စင်အောင် ရေနွေး၊ ဆပ်ပြာနဲ့ သေချာ ဆေးကြောအခြောက်ခံရပါမယ် (မဆေးဘဲ ထားရင် နောက်တစ်ကြိမ် ကြိတ်တဲ့အခါ ဂျမ်းဖြစ်ပြီး စက်ညှပ်တတ်ပါတယ်)။
မော်တာ အစိတ်အပိုင်း: စက်ရဲ့ Body တစ်ခုလုံးက Stainless Steel ဖြစ်ပေမဲ့ မော်တာပါတဲ့ စက်ကိုယ်ထည်ပိုင်းကိုတော့ ရေလောင်းချပြီး မဆေးရပါဘူး၊ အဝတ်စိုနဲ့ပဲ သုတ်ပေးရပါမယ်။
50929



50929



