Migoo.OS
MM07385 Magnetic Mobile Phone Neck Bracket
MM07385 Magnetic Mobile Phone Neck Bracket
SKU:MM07385-Black
Couldn't load pickup availability
Product Details -
🗺️ Type - Magnetic Holder
🗺️ Material - Silicone
🗺️ Brand - TELESIN
🗺️ Colour - Black / Blue / Grey
🤳 သာမန် မိုဘိုင်းဖုန်း Holder Bracket တွေထက်တစ်ဗန်းသာကာ တမူထူးခြားနေတဲ့ဒီဇိုင်းတစ်ခုဖြစ်ပြီး လည်ပင်းမှာချိတ်ဆွဲရတဲ့ပုံစံကြောင့် လက်ရှိကိုယ်နေ့စဥ်လုပ်ကိုင်နေရတဲ့အကြောင်းအရာတွေကို မြင်ကွင်းကျယ်ကျယ်ရှင်းရှင်းလင်းလင်းနဲ့ တင်ဆက်ရိုက်ကူးနိုင်ပါတယ်ရှင့်။
🤳 တည်ငြိမ်မှုအပြည့်အဝရှိပြီး ဖုန်းကိုလည်ပင်းမှာ ခိုင်မြဲစွာချိတ်ဆွဲထားနိုင်တာကြောင့် လှုပ်ရှားသွားလာရင်းရိုက်ကူးတဲ့အခါမှာတောင် တည်ငြိမ်တဲ့ ရုပ်ထွက်နဲ့ ဗီဒီယိုတွေကိုရရှိစေမှာပါ။ တောင်တက်တာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာ..ဘယ်လိုလှုပ်ရှားမှုမျိုးမှာမဆို စိတ်ပူစရာမလိုဘဲ ရိုက်ကူးနိုင်ပါပြီနော်။
🤳 အရည်အသွေးကောင်းတဲ့ ဆီလီကွန်လည်ပင်းသိုင်းကြိုးလေးပါကာ Magnetic သံလိုက်စနစ်ပါတာကြောင့် မည်သည့်ဖုန်းအမျိုးအစားမဆိုတပ်ဆင်အသုံးပြုလို့ရပြီး ရိုက်ကူးနေစဥ်ဖုန်းပြုတ်ကျသွားမှာစိတ်ပူစရာမလိုပါဘူးနော်။ Safety rope / ဖုန်းကိုထိန်းပေးနိုင်တဲ့ ချိတ်ဆွဲကြိုးလေးပါတာကြောင့် အန္တရာယ်ကင်းကင်းနဲ့ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါပြီရှင့်။
🤳 သာမန်ဖုန်းစတန်း Stickတွေကို လက်နဲ့ကိုင်ပြီးရိုက်ကူးနေရလို့ အခက်တွေ့နေရတဲ့ပြဿနာကိုဖြေရှင်းပေးနိုင်ပြီး ဓာတ်ပုံရိုက်ရင်းပဲဖြစ်ဖြစ်၊ ဗီဒီယိုရိုက်ရင်းပဲဖြစ်ဖြစ် သင့်လက်တွေလွတ်လွတ်လပ်လပ်ရှိနေမှာမို့ အခြားအရာတွေကိုလည်းအာရုံစိုက်လုပ်ဆောင်နိုင်ပါပြီနော်။
🤳 ခရီးသွား Vloggerတွေအတွက်တင်မကပဲ ချက်ပြုတ်နည်းဗီဒီယိုရိုက်တာ ၊ ကားပြင်တာ ၊ 🔧 လက်မှုပညာ DIYလုပ်ဆောင်တာ စတဲ့Daily Lifeထဲက လှုပ်ရှားမှုတွေအတွက်လည်း အကောင်းဆုံးကူညီပေးမှာပါရှင့်။ ဘယ်နေရာမှာမဆို လူကြီးမင်းရဲ့ ဖုန်းကင်မရာနဲ့ 𝐍𝐞𝐜𝐤 𝐁𝐫𝐚𝐜𝐤𝐞𝐭လေးက အသားကျ/အသင့်ရှိနေမှာပါ။
🎥 နာမည်ကြီး Brand တစ်ခုဖြစ်ပြီး အရည်အသွေးကောင်းတဲ့ပစ္စည်းလေးမို့လို့ လူကြီးမင်းရဲ့ ခရီးစဉ်တွေ၊ အမှတ်တရတွေ၊ ဖန်တီးမှုတွေ ပိုမိုပြည့်စုံဖို့အတွက် Magnetic Mobile Phone Hanging Neck Bracket ကို အခုပဲမှာယူထားလိုက်တော့နော်။
07385


