Skip to product information
1 of 1

Migoo.OS

MM08352 2in1 Audio & Charge Splitter

MM08352 2in1 Audio & Charge Splitter

Regular price K45,000.00
Regular price Sale price K45,000.00
Sale Sold out
Shipping calculated at checkout.
Color

SKU:MM08352-Gray

🎨 အရောင်: Gray / White
⚙Material - Aluminium Alloy

🛑 ဖုန်းမှာ Type-C ပေါက်တစ်ခုတည်းပဲ ပါလို့ ဂိမ်းဆော့နေတုန်း၊ သီချင်းနားထောင်နေတုန်း အားကုန်သွားရင် နားကြပ်ဖြုတ်ပြီး အားခဏခဏ ထိုင်သွင်းနေရလို့ စိတ်ညစ်နေရပြီလား?
😉 ဒါဆိုရင်တော့ နားကြပ်တပ်ပြီး သီချင်းနားထောင်/ဖုန်းသုံးရင်း တစ်ပြိုင်နက်တည်း အားသွင်းလို့ရမယ့် 2-in-1 Audio & Charge Splitter လေး ရှိနေပါပြီနော်!

✔️100W ထိ High-Speed Fast Charging ထောက်ပံ့ပေးတာကြောင့် ဖုန်းတင်မကဘဲ iPad နဲ့ Laptop တွေကိုပါ မြန်ဆန်စွာ အားသွင်းပေးနိုင်ပါတယ်။
✔️ Type-C နားကြပ်အသစ် သီးသန့်ဝယ်စရာမလိုဘဲ အိမ်မှာရှိပြီးသား 3.5mm ကြိုးတပ်နားကြပ်တွေနဲ့ တိုက်ရိုက် တပ်ဆင်အသုံးပြုနိုင်ပါတယ်။
✔️ Sound Quality ကို မြှင့်တင်ပေးထားလို့ အသံတိုးတာ၊ လိုင်းနှောက်သံ (Noise) ထွက်တာမျိုး လုံးဝမရှိဘဲ ကြည်လင်ပြတ်သားတဲ့ အသံကို ရရှိစေပါတယ်။
✔️ဖုန်းရဲ့ အောက်ခြေ အနားစောင်းလေးအတိုင်း ပြားပြားလေး ကပ်ရပ်သွားတာမလို့ ဖုန်းကို ဘေးတိုက်ကိုင်ပြီး ဂိမ်းဆော့တဲ့အခါ လက်ဝါးနဲ့ လုံးဝမငြိဘဲ သက်သောင့်သက်သာ ဆော့ကစားနိုင်ပါတယ်။
✔️ နားကြပ်ကနေ အသံအတိုးအကျယ် လုပ်တာ၊ ဖုန်းပြောတာနဲ့ ဂိမ်းထဲမှာ Voice ပြောတာတွေကို အပြည့်အဝ ထောက်ပံ့ပေးပါတယ်။

🎯 ဂိမ်းဆော့ရင်း အားသွင်းချင်သူများ၊ သီချင်းနားထောင်ရင်း ဖုန်းပြောချင်သူများနှင့် Type-C Port သုံး iPhone 15/16 Series, iPad နဲ့ Android အသုံးပြုသူတိုင်းအတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ ပစ္စည်းလေးပါနော်!

🛒 ဖုန်းသုံးရတာ ပိုမို အဆင်ပြေသွားစေဖို့ အခုပဲ Chat Box မှာ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာပေးပြီး မှာယူလိုက်တော့နော်!

08352

View full details